EMPO နှင့်အတူ သင်ယူမှု ခေတ်သစ်မှ ကြိုဆိုပါတယ်။

EMPO အတွက် ခေတ်သစ်တစ်ခုကို ကြေညာခွင့်ရတဲ့အတွက် ကျွန်ုပ်တို့ အလွန်ဂုဏ်ယူမိပါတယ်။

 

ယခင်က ကျွန်ုပ်တို့သည် လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများကို ပံ့ပိုးကူညီခြင်းအပေါ် အဓိကထားခဲ့သော်လည်း ယခုအခါ ကျယ်ပြန့်သော အွန်လိုင်းသင်ကြားရေးပလက်ဖောင်းတစ်ခုအဖြစ် ပြောင်းလဲတိုးတက်လာပြီဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်အသစ်မှာ နယ်ပယ်ပေါင်းစုံမှ ကျွမ်းကျင်သူများနှင့် သင်ယူလိုသူများကို ချိတ်ဆက်ပေးပြီး အသိပညာဖလှယ်ခြင်းနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် များပြားသည့် လူစုံတို့အတွက် တက်ကြွသောနေရာတစ်ခု ဖန်တီးပေးရန် ဖြစ်ပါတယ်။

 

EMPO Learn တွင် လူတိုင်းသင်ယူတိုးတက်ခွင့်ရှိသည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။ ကျွန်ုပ်တို့၏ ပလက်ဖောင်းတွင် လုပ်ငန်းနယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ သင်ကြားပေးသော အွန်လိုင်းသင်တန်းမျိုးစုံကို သင်ယူလိုစိတ် ပြင်းပြသူတိုင်းအတွက် ပံ့ပိုးပေးလျက်ရှိပါသည်။ သင်သည် ကျွမ်းကျင်မှုကို မြှင့်တင်လိုသော ပညာရှင်တစ်ဦးဖြစ်စေ၊ အသိပညာသစ်များ ရှာဖွေနေသော ကျောင်းသားတစ်ဦးဖြစ်စေ၊ သို့မဟုတ် သင်၏ စိတ်အားထက်သန်မှုကို မျှဝေလိုသော ကျွမ်းကျင်သူတစ်ဦးဖြစ်စေ၊ EMPO သည် သင့်အတွက် အသင့်ရှိနေပါသည်။

 

ကျွန်ုပ်တို့ရဲ့ ပလက်ဖောင်းအသစ်မှာ ဘာတွေ တွေ့ရနိုင်မလဲ?

  • အွန်လိုင်းသင်တန်းများ: အတွေ့အကြုံရင့် ပညာရှင်များ သင်ကြားပေးသော ဘာသာရပ်မျိုးစုံကို လေ့လာနိုင်ပါမယ်။
  • သင်ယူသူများနှင့် ကျွမ်းကျင်သူများ၏ အသိုက်အဝန်း: လုပ်ဖော်ကိုင်ဖက်များနှင့် ချိတ်ဆက်လာနိုင်မယ်၊ ထိုးထွင်းသိမြင်မှုများကို မျှဝေလာနိုင်မယ်။ အကြံဉာဏ်သစ်များအတွက် ပူးပေါင်းဆောင်ရွက်လာနိုင်မယ်။
  • ပြောင်းလွယ်ပြင်လွယ်ရှိပြီး လက်လှမ်းမီသော သင်ယူမှု: အချိန်မရွေး၊ နေရာမရွေး စိတ်အားထက်သန်စွာ လေ့လာနိုင်ပါမယ်။

  •  

ယခုလမ်းကြောင်းသစ်နှင့် ၎င်းမှပေးဆောင်သည့် အဆုံးမဲ့ အခွင့်အလမ်းများအတွက် ကျွန်ုပ်တို့မှ အလွန်စိတ်လှုပ်ရှားမိပါတယ်။ ကျွန်ုပ်တို့ရဲ့ ဝဘ်ဆိုဒ်အသစ်ကို လေ့လာရန်၊ သင်တန်းများကို ကြည့်ရှုရန်နှင့် ကျွန်ုပ်တို့ရဲ့ ကြီးထွားလာနေသော တစ်သက်တာ သင်ယူသူများ အသိုက်အဝန်းတွင် ပါဝင်ရန် သင့်ကို လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။

 

ပညာရေး၏စွမ်းအားဖြင့် ပိုမိုတောက်ပသော အနာဂတ်ကို အတူတကွ တည်ဆောက်ကြပါစို့။