Organizational Profile Creation Service

Present Your Mission, Vision & Impact Professionally

Ks. 50000.00/-

လူကြီးမင်းတို့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက် (Mission)၊ အမြင် (Vision) နဲ့ လုပ်ဆောင်ချက်ရလဒ် (Impact) တွေကို ပီပြင်စွာ ဖော်ပြနိုင်မယ့် ပရော်ဖက်ရှင်နယ် Organizational Profile တစ်ခုကို ဖန်တီးလိုက်ပါ။ EMPO Training & Consultancy Services အနေနဲ့ အချက်အလက်တွေကို ရိုးရိုးရှင်းရှင်း မှတ်တမ်းတင်ရုံသာမကဘဲ၊ မြန်မာနိုင်ငံရှိ NGO နဲ့ CSO များရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီစေဖို့ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ပိုင်းနဲ့ တိုက်ရိုက် တိုင်ပင်ဆွေးနွေးပြီး (Consulting) စိတ်ကြိုက် ရေးသားဖန်တီးပေးနေပါတယ်။

လူကြီးမင်းတို့ရဲ့ ဘတ်ဂျက်နဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး စာမျက်နှာ အရေအတွက်အလိုက် ဝန်ဆောင်မှု ရယူနိုင်ပါတယ်။

💡 အကြံပြုချက် (Recommendation)

ပြည့်စုံလုံလောက်ပြီး ပရော်ဖက်ရှင်နယ်ကျတဲ့ Profile တစ်ခုဖြစ်ဖို့အတွက် အဖွဲ့အစည်းရဲ့ နောက်ခံသမိုင်းကြောင်း၊ ရည်မှန်းချက်၊ အဓိကလုပ်ငန်းစဉ်တွေနဲ့ ဖွဲ့စည်းပုံတွေကို သေချာစွာ ထည့်သွင်းဖော်ပြနိုင်ရန် အနည်းဆုံး စာမျက်နှာ (၃) မျက်နှာ ရွေးချယ်ဝယ်ယူရန် အကြံပြုအပ်ပါသည်။ အဖွဲ့အစည်း၏ လုပ်ငန်းပမာဏနှင့် အချက်အလက် အနည်းအများအပေါ် မူတည်၍ အများဆုံး စာမျက်နှာ (၁၅) မျက်နှာအထိ သတ်မှတ် ရေးသားနိုင်ပါသည်။

ဝန်ဆောင်မှုတွင် ပါဝင်မည့် အချက်များ -

  • မဟာဗျူဟာမြောက် တိုင်ပင်ဆွေးနွေးခြင်း (Strategic Consultation): အဖွဲ့အစည်းရဲ့ လုပ်ငန်းစဉ်များ၊ ပစ်မှတ်ထားသော အလှူရှင်/မိတ်ဖက်များ နဲ့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေကို သေချာစွာ နားလည်အောင် ဆွေးနွေးတိုင်ပင်ခြင်း။

  • စိတ်ကြိုက်ရေးသားပေးခြင်း (Tailored Content Creation): အဖွဲ့အစည်းရဲ့ နောက်ခံသမိုင်းကြောင်း၊ ဖွဲ့စည်းပုံ (Governance Structure)၊ အဓိက အောင်မြင်မှုများနဲ့ ရှေ့ဆက်မယ့် အစီအစဉ်များကို တိကျသေချာစွာ ရေးသားပေးခြင်း။

  • ကဏ္ဍအလိုက် ကျွမ်းကျင်မှု (Sector-Specific Expertise): လူသားချင်းစာနာထောက်ထားမှုနဲ့ ဖွံ့ဖြိုးရေးကဏ္ဍ (Humanitarian and Development Sectors) တွေမှာ သုံးလေ့ရှိတဲ့ အသုံးအနှုန်းများ၊ စံနှုန်းများနဲ့အညီ ပရော်ဖက်ရှင်နယ်ကျကျ ရေးသားပေးခြင်း။

လုပ်ငန်းစဉ် အဆင့် (၄) ဆင့် - 

၁။ Order Placement: မိမိတို့ လိုအပ်သော စာမျက်နှာ အရေအတွက်ကို ရွေးချယ်ပြီး ဝယ်ယူပါ။ (တစ်မျက်နှာလျှင် ၅၀,၀၀၀ ကျပ်)

၂။ Discovery & Data Gathering: EMPO မှ လိုအပ်သော အချက်အလက်များ၊ လက်ရှိ အစီရင်ခံစာများနဲ့ အဖွဲ့အစည်းရဲ့ မျှော်မှန်းချက်တွေကို စုဆောင်းရန် ဆက်သွယ်ပါမည်။

၃။ Drafting: လိုအပ်ချက်နဲ့ ကိုက်ညီမယ့် Profile (မူကြမ်း) ကို စတင်ရေးသားပါမည်။

၄။ Review & Finalization: မူကြမ်းကို ဖတ်ရှုပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ကာ အချောသတ် Profile ကို ပေးအပ်ပါမည်။

ဘယ်သူတွေအတွက်လဲ?

ပိုမိုကောင်းမွန်တဲ့ ပရော်ဖက်ရှင်နယ် ပုံရိပ်ကို တည်ဆောက်လိုသော၊ ရန်ပုံငွေ (Grants) များ လျှောက်ထားလိုသော သို့မဟုတ် ခိုင်မာသော မိတ်ဖက်ဆက်ဆံရေးများ တည်ဆောက်လိုသော Local CSOs, National NGOs နှင့် CBO များအတွက် အထူးသင့်လျော်ပါသည်။

မှတ်ချက်။ ။ အချောသတ် စာတစ်မျက်နှာလျှင် ၅၀,၀၀၀ ကျပ် ကျသင့်မည်ဖြစ်ပါသည်။ Cart ထဲသို့ မထည့်မီ မိမိတို့ လိုအပ်သော စာမျက်နှာ အရေအတွက်ကို ရွေးချယ်ပေးပါ။

  • Title တွင် ထည့်ရန် - လိုအပ်မည့် အချက်အလက်များ

  • Description တွင် ထည့်ရန် - Profile ရေးသားရာတွင် ပိုမိုတိကျပြီး အဖွဲ့အစည်းနဲ့ ကိုက်ညီမှုရှိစေရန် အောက်ပါအချက်အလက်များကို ပံ့ပိုးပေးရန် လိုအပ်ပါသည် -

    • အဖွဲ့အစည်း၏ နောက်ခံသမိုင်းကြောင်း၊ ရည်မှန်းချက် (Mission) နှင့် အမြင် (Vision)

    • အဓိကလုပ်ငန်းစဉ်များ (Thematic Areas) နှင့် ယခင်ဆောင်ရွက်ခဲ့သော ပရောဂျက် အစီရင်ခံစာများ

    • အဖွဲ့အစည်း ဖွဲ့စည်းပုံ (Organogram)

    • အခြား ထည့်သွင်းလိုသော အချက်အလက်များ