Gender Equality and Inclusion Awareness Session
Deadline to apply is June 14, 2025
GENDER EQUALITY
EMPO ကနေ ပုံမှန်ဖွင့်လှစ်ပေးနေတဲ့ အခမဲ့ Online Sharing Session ကို ကြေညာပေးလိုက်ပါတယ်ရှင့်
လူသားတိုင်းအတွက် တန်းတူအခွင့်အရေးရရှိပြီး လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံ ဖယ်ကျည် ခံရခြင်းတို့ မရှိဘဲ “ဂုဏ်သိက္ခာရှိစွာ ဆက်ဆံခံရခွင့်” နှင့် “ပါဝင်ဆောင်ရွက်နိုင်ခွင့် ရရှိရေး” တို့အတွက် “Gender Equality& Inclusion” ကဏ္ဍဟာ ဘယ်လောက်ထိ အရေးကြီးသလဲ ဆိုတာ သင်သိပါသလား ⁉️
ဒီအကြောင်းအရာတွေကို ပိုမိုနက်နက်ရှိုင်းရှိုင်း သိရှိနားလည်နိုင်ဖို့အတွက် "Gender Equality & Inclusion" Online Sharing Session ကို အခမဲစီစဉ်ပေးထားပါတယ် 🛎️🛎️
🗓️ ကျင်းပမည့်ရက်: 2025 ခုနှစ်၊ ဇွန်လ ၁၅ ရက် (တနင်္ဂနွေနေ့)
⏰ အချိန်: နံနက် ၈:၀၀ နာရီ မှ နံနက် ၁၁:၀၀ နာရီ အထိ (၃ နာရီကြာ)
📍 နေရာ: Online (Zoom Application ဖြင့် သင်ကြားပို့ချပါမည်။)
💲 ကုန်ကျစရိတ်: လုံးဝအခမဲ့
သင်တန်း၏ ရည်ရွယ်ချက်များ ⬇️⬇️
✅Gender Equality and Inclusion ၏ အခြေခံသဘောတရားများကို နားလည်စေရန်။
✅Gender Mainstreaming နှင့် Transformative Programming အကြောင်းကို သိရှိနားလည်စေရန်။
သင်တန်းထဲမှာ ဆရာမကို Q & A တွေ အများကြီးဆွေးနွေးမေးမြန်းနိုင်တဲ့ အခွင့်အရေး လည်း ရှိပါသေးတယ်နော် 🪂
ပို့ချပေးမည့် သင်တန်း ဆရာမ - ဒေါ်တင်တင်ဦး (Ms. Tin Tin Oo)
ဆရာမ ဒေါ်တင်တင်ဦးသည် Worldfish Myanmar တွင် Gender Equality and Inclusion Specialist အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး Humanitarian နှင့် Development ကဏ္ဍများတွင် INGO များ၌ စုစုပေါင်း လုပ်ငန်းအတွေ့အကြုံ ၁၄ နှစ်ခန့်ရှိသူ ဖြစ်ပါတယ်။
Gender Specific လုပ်ငန်းများဖြစ်သည့် Gender Equality & Inclusion, Gender Transformative Mainstreaming, Designing and Programming တို့တွင် ၅ နှစ်ကျော် အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။
တန်းတူညီမျှမှု ရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖော်ဆောင်ရာမှာ ပူးပေါင်းပါဝင်ချင်တဲ့ မည်သူမဆို ဒီအခွင့်အလမ်းကောင်းကို လက်လွတ်မခံပဲ အခုပဲစာရင်းသွင်းလိုက်တော့နော် 🛎️
ဒီသင်တန်းကို စိတ်ပါဝင်စားသူများ အနေဖြင့် အောက်ပါ Google Form လင့်ခ်မှ တဆင့် အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပါတယ်ရှင့် 🛎️
ဒီ Session မှာ တက်ရောက်ပြီးဆုံးပါက Certificate of Appreciation လည်း ချီးမြှင့်သွားမှာ ဖြစ်ပါတယ်
ဖောင်ဖြည့်ရန် Google Form Link👇👇
မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဒီသင်တန်းကို စိတ်ဝင်စားနိုင်မယ့် သူတွေကိုလည်း ဒီသင်တန်းအကြောင်းကို Share ပေးဖို့ တိုက်တွန်းလိုက်ပါတယ်နော် ☺️