2026 ခုနှစ်မှာ Humanitarian Project တွေကို Excel နဲ့ မဟုတ်ဘဲ Notion နဲ့ ဘယ်လို Smart ကျကျ စီမံခန့်ခွဲကြမလဲ?

Logframe, Workplan နှင့် Report တွေကို နေရာတစ်နေရာတည်းမှာ စနစ်တကျ ချိတ်ဆက်ထားတဲ့ 'Single Source of Truth' တစ်ခု တည်ဆောက်နည်း။ PMDPro Standard နှင့်အညီ Notion ဖြင့် ကိုယ်ပိုင် System ရေးဆွဲမည့် ၂ ရက်တာ Workshop အကြောင်း မိတ်ဆက်။

NOTIONPROJECT MANAGEMENT

Zon Hsai

1/26/20261 min read

NGO/CSO တစ်ခုမှာ Project Manager တစ်ယောက်အနေနဲ့ အလုပ်လုပ်ရတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အထူးသဖြင့် Data တွေ Report တွေနဲ့ လုံးပန်းနေရတဲ့အခါမျိုးပေါ့။

ကျွန်တော်တို့ ရင်းနှီးပြီးသား ပြဿနာတစ်ခုရှိပါတယ်။ Logframe က Excel ဖိုင်တစ်ခု၊ Workplan က နောက်ထပ် Excel ဖိုင်တစ်ခု၊ Field Team ပို့လိုက်တဲ့ Report တွေက Viber/Telegram မှာ ပြန့်ကျဲနေတာမျိုးတွေပါ။ Donor Report ရေးခါနီးပြီဆိုရင် ဒီ Data တွေအကုန်လုံးကို လိုက်စုပြီး ပြန်ပေါင်းချုပ်ရတာကတင် အချိန်တော်တော်ကုန်စေပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ Expensive Software တွေ ဝယ်သုံးစရာမလိုပါဘူး။ Notion (Free Version) ကို အသုံးပြုပြီး ကိုယ်ပိုင် Project Management Information System (PMIS) တည်ဆောက်လို့ရတယ်ဆိုတာ သင်သိပါသလား?

Why Notion for Humanitarians?

(ဘာကြောင့် Notion လဲ?)

Notion ဆိုတာ Note-taking app သက်သက်မဟုတ်ပါဘူး။ သူက "Lego" တုံးလေးတွေလိုပါပဲ။ ကိုယ်လိုချင်တဲ့ ပုံစံကို စိတ်ကြိုက် တည်ဆောက်နိုင်ပါတယ်။

  1. Project Proposal, Logframe, Budget, Activities အားလုံး နေရာတစ်နေရာတည်းမှာ ရှိနေခြင်း။

  2. "Activity A" ပြီးရင် "Indicator B" မှာ ဘယ်လောက်တိုးသွားလဲဆိုတာ Auto တွက်ချက်ပေးနိုင်ခြင်း။

  3. အဖွဲ့အစည်းအသေးစားတွေအတွက် Free Plan နဲ့တင် လုံလောက်ခြင်း။

What You Will Build in This Workshop?

(Workshop မှာ ဘာတွေလုပ်ကြမလဲ?)

EMPO ကနေ ဦးစီးကျင်းပမယ့် "Establishing a PMIS for Humanitarians using Notion" (2-Day Workshop) မှာ သီအိုရီသက်သက်မဟုတ်ဘဲ လက်တွေ့ System တစ်ခုကို တည်ဆောက်သွားမှာပါ။

Day 1: The Architect (စနစ်တည်ဆောက်ခြင်း)

ပထမနေ့မှာ အိမ်တစ်လုံးဆောက်သလိုပါပဲ။ Foundation ချပါမယ်။

  • Project Database နဲ့ Donor Database ကို ချိတ်ဆက်ခြင်း။

  • မိမိ Project ရဲ့ Goal, Outcome, Output တွေကို Indicator တွေနဲ့ ချိတ်ဆက်ပြီး Progress Bar တွေနဲ့ အလှဆင်ခြင်း။

Day 2: The Manager (လက်တွေ့အသုံးပြုခြင်း)

ဒုတိယနေ့မှာတော့ တည်ဆောက်ထားတဲ့ စနစ်ကို ဘယ်လို run မလဲဆိုတာ လေ့လာပါမယ်။

  • ဝန်ထမ်းတစ်ယောက်ချင်းစီက ကိုယ်လုပ်ရမယ့်အလုပ် (My Tasks) ကိုပဲ မြင်ရမယ့် စနစ်။

  • Field ဝန်ထမ်းတွေက ဖုန်းနဲ့ Report တင်လိုက်တာနဲ့ ရုံးချုပ်က Dashboard မှာ တန်းပေါ်မယ့်စနစ်။

  • ခလုတ်တစ်ချက်နှိပ်ရုံနဲ့ Real-time Report ထုတ်ပေးနိုင်မယ့် နည်းပညာ။

Who Should Attend?

(ဘယ်သူတွေ တက်သင့်လဲ?)

  • Project Managers: Project တစ်ခုလုံးကို မျက်ခြည်မပြတ် စောင့်ကြည့်လိုသူများ။

  • MEAL Officers: Data ကောက်ယူမှုနဲ့ Reporting ပိုင်းမှာ အချိန်ကုန်သက်သာလိုသူများ။

  • Local NGO/CSO Leaders: စရိတ်စက သက်သာပြီး ထိရောက်တဲ့ စနစ်တစ်ခုကို စမ်းသပ်ချင်သူများ။

Workshop Details

  • Date: Feb 14 & 15, 2026 (စနေ၊ တနင်္ဂနွေ)

  • Time: 09:00 AM – 04:00 PM

  • Platform: Zoom (Laptop is required)

  • Investment: 80,000 MMK (Normal) | 64,000 MMK (For EMPO Alumni)

ဒီ Workshop က သင့်ရဲ့ လုပ်ငန်းခွင် စွမ်းဆောင်ရည်ကို တစ်ဆင့်မြှင့်တင်ပေးမယ့် အခွင့်အရေးတစ်ခုပါ။ စာရွက်စာတမ်းတွေကြား ဗျာများနေမယ့်အစား နည်းပညာကိုသုံးပြီး Smart ကျကျ အလုပ်လုပ်ကြရအောင်။

စာရင်းသွင်းဖို့အတွက် 09250326876 ကို အခုပဲ ဖုန်း/viber ကနေ ဆက်သွယ်လိုက်ပါ။